Trump ကို တရားစွဲနိုင်ရေးစုံစမ်းမှုဆက်ဖို့ အောက်လွှတ်တော် အတည်ပြု

Your browser doesn’t support HTML5

မေရိကန်သမ္မတ Donald Trump ကို အရေးယူရေး စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ် တရားဝင် ရှေ့ဆက်ဆောင်ရွက်သွားဖို့အတွက် ဒီမိုကရက် အများစုထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်မှာ ကြာသပတေးနေ့က မဲခွဲ အတည်ပြုခဲ့ကြပါပြီ။ အစောပိုင်း သီတင်းပတ်တွေနဲ့ချီ တံခါးပိတ် မေးမြန်း ကြားနာမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ ဒီမိုကရက်တွေအနေနဲ့ - လာမယ့် ၂၀၂၀ သမ္မတ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပြိုင်ဘက်ဖြစ်လာနိုင်သူအပေါ် ထိုးနှက်နိုင်မယ့် သတင်းအချက်အလက်တွေရဖို့ သမ္မတ Trump က ယူကရိန်းအစိုးရကို ဖိအားပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲ တိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးနေတဲ့ ကြားနာပွဲတွေကို လူသိရှင်ကြား မေးမြန်းတာတွေ လုပ်သွားနိုင်ပြီဖြစ်ပါတယ်။ လွှတ်တော်တည်ရှိရာ Capitol Hill ကနေ ဗွီအိုအေသတင်းထောက် Katherine Gypson ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။