ICJ မှာ တရားရင်ဆိုင်မယ့်ကိစ္စ ရုရှားသံအမတ်ကြီးရဲ့အမြင်

Your browser doesn’t support HTML5

ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ကိစ္စ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ပြီး ခုခံချေပဖို့ ဆုံးဖြတ်တာဟာ ရဲရင့် မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း နှစ်တရာပြည့် အခမ်းအနားမှာ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို အောင်အောင်မြင်မြင် ကာကွယ်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုပါတယ်။