အီလီနွိုင်း ပြည်နယ် ဆေးခြောက်ဥပဒေသစ်

Your browser doesn’t support HTML5

အမေရိကန်အလယ်ပိုင်းက လူဦးရေအများဆုံဖြစ်တဲ့အီလီနွိုင်း ပြည်နယ်ကတော့ ဆေးခြောက်ကို တရားဝင်ဝယ်ယူ သုံးစွဲခွင့်ပေးတဲ့ ဥပဒေကိုစတင်ကျင့်သုံးပြီး အခု ၂၀၂၀ ခုနှစ်ကို စတင်လိုက်ပါတယ်။ ဆေးခြောက်သုံးစွဲမှုစည်းမျဉ်းစည်းကမ်း နဲ့ အခွန်အက်ဥပဒေအရ ပြည်နယ်အုပ်ချုပ်ရေးမှူးအနေနဲ့ အရင်က ဆေးခြောက်မှုနဲ့ ပြစ်ဒဏ်အနည်းငယ်ကျခံနေရတဲ့သူ ထောင်ပေါင်းများစွာကိုလည်း ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ရမှာဖြစ်ပါတယ်။ VOA သတင်းထောက် Mariama Diallo သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။