အမေရိကန်စင်တာ အနုပညာတီထွင်ဖန်တီးမှုပွဲတော်
Your browser doesn’t support HTML5
ရန်ကုန်အမေရိကန်စင်တာမှာ ၂ ရက်ကြာ ကျင်းပမယ့် MakerFest 2020 နည်းပညာ၊ အနုပညာ တီထွင်ဖန်းတီးမှု ပွဲတော်ကို ဒီနေ့ ဇန်နဝါရီ ၂၄ရက်နေ့မှာ စတင်လိုက်ပါပြီ။ ဒီပွဲမှာ ကျောင်းပေါင်းစုံ၊ ဒေသစုံက လူငယ်တွေက သူတို့ရဲ့ တီထွင်မှု၊ လက်ရာတွေကို ပြခဲ့ကြတာ ဖြစ်သလို ဟောပြောပွဲတွေနဲ့ နည်းပညာပြိုင်ပွဲ တွေလည်း ပါဝင်ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွား ယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။