မြန်မာ့နိုင်ငံရေးမူဝါဒမှာ လူနည်းစုသွေးခွဲဆက်ဆံမှုရှိလား(တိုက်ရိုက်လေလှိုင်း)

This picture taken on October 10, 2012 shows an elderly Muslim Rohingya man pictured outside his tent at the Dabang Internally Displaced Persons (IDP) camp, located on the outskirts of Sittwe, capital of Myanmar's western Rakhine state. More than 50,000

This picture taken on October 10, 2012 shows an elderly Muslim Rohingya man pictured outside his tent at the Dabang Internally Displaced Persons (IDP) camp, located on the outskirts of Sittwe, capital of Myanmar's western Rakhine state. More than 50,000

(zawgyi/Unicode)

မြန်မာနိုင်ငံမှာ လူနည်းစုတွေကို ခွဲခြားဆက်ဆံတဲ့ ဥပဒေနဲ့ မူဝါဒတွေဟာ နှစ်ပေါင်းများစွာကတည်းကရှိနေပြီး၊ မြန်မာ့လူ့အခွင့်အရေးတိုးတက်လာဖို့ဆိုရင် အဲဒီ ဥပဒေနဲ့မူဝါဒ ပြင်ဆင်ရေးတွေကို ဆောင်ရွက်ရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက အခုကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို မူဝါဒတွေ တကယ်ပဲ ရှိသေးရဲ့လား၊ လက်ရှိ ဒီမိုကရေစီအရပ်သားအစိုးရကရော ဒီမူဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဆန္ဒရှိရဲ့လား.. စတာတွေကို လာမယ့် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးပါမယ်။

ပါဝင်ဆွေးနွေးမေးမြန်းလိုတဲ့ သောတရှင်တွေအနေနဲ့ မိမိတို့ တယ်လီဖုံးနံပတ်တွေ ကြိုတင်ပို့ထားမယ်ဆိုရင် တိုက်ရိုက်လေလှိုင်းအစီအစဉ်ထုတ်လွှင့်ချိန်မှာ ခေါ်ယူမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အမြင် ကိုယ့်မေးခွန်းတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားလို့လည်း ရပါတယ်။ VOA မြန်မာပိုင်း ဖုံးနံပတ်က +1 202 382 5554 ဖြစ်ပြီး၊ အီးမေလ်လိပ်စာက burmese@VOANews.com ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမေးမြန်းကြမယ့် သောတရှင်တွေကို ကြိုဆိုပါတယ်။



