ကိုရိုနာဗိုင်းရပ်စ်နဲ့ အမေရိကန် စီးပွားရေး

Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်မှာ လုပ်ငန်းတွေကို ထိခိုက်လာရာက တိုင်းပြည်စီးပွားရေး ကျဆင်းတဲ့အထိ ကြုံရမှာကို စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။ ဒီအတွက်လည်း စီးပွားရေး ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေ၊ အလုပ်သမားတွေ ဆုံးရှုံးမှုတွေကနေ သက်သာရာ ရစေဖို့ ရေတိုအစီအစဉ်တွေကိုလည်း သမ္မတအိမ်ဖြူတော်က စဉ်းစားနေပါတယ်။ ဒါပေမဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ များလာတာနဲ့အမျှ စီးပွားရေးအပေါ် ရိုက်ခတ်မှုတွေ ကြီးထွားလာနိုင်တဲ့အတွက် ပြန်လည်နာလန်ထူဖို့ ပိုအချိန်ယူရနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ သတိပေးနေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။