စင်ရော်တွေ သိမ်းပိုက်လိုက်တဲ့ ပီရူးကမ်းခြေ
Your browser doesn’t support HTML5
Covid-19 ရောဂါကူးစက်မှုကြောင့် အရေးပေါ်အခြေအနေကြေညာအပြီး ၁၀ရက်အကြာ ပီရူးနိုင်ငံရဲ့ Lima ကမ်းခြေမှာ အခုလို စင်ရော်နဲ့ တခြားငှက်တွေကို ထောင်ပေါင်းများစွာလာပြီး ကျက်စားကြတာကိုတွေ့ရပါတယ်။ ဒီကမ်းခြေဟာ များသောအားဖြင့် အပမ်းဖြေသူတွေနဲ့ ပြည့်နှက်နေလေ့ရှိတာပါ။ ဇီဝဗေဒပညာရှင် Patricia Majluf ကတော့ ဒီရောဂါဖြစ်ရပ်ဟာ “သဘာဝပတ်ဝန်းကျင်ကို ခဏတာအနားရစေသလို”ပဲလို့ ဆိုပါတယ်။