နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ

Your browser doesn’t support HTML5

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတာ၊ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပမယ့်ရက် သက်မှတ်ဖို့ အခက်အခဲရှိနေတာ၊ ရခိုင်မှာ AA နဲ့ ဆက်နွယ်မှုနဲ့ဖမ်းဆီးခံရသူနဲ့ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ထပ်တိုးနေတာ၊ ကိုဗစ်ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသူတွေကို ဒုတိယအကြော့ ထောက်ပံ့ကြေးပေးတာ စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အင်္ဂါညစကားဝိုင်း ပြန်လည် ထုတ်လွှင့်ချက်နဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။