မြန်မာ ပထမဆုံးလွှတ်တင်မယ့် ကိုယ်ပိုင်ဂြိုဟ်တု

ပါမောက္ခချုပ် ဒေါက်တာကြည်သွင်, မွနျမာနိုငျငံ လကွေောငျးနဲ့ အာကာသပညာတက်ကသိုလျ, မိတ်ထီလာ

Your browser doesn’t support HTML5

မြန်မာ ပထမဆုံးလွှတ်တင်မယ့် ကိုယ်ပိုင်ဂြိုဟ်တု

မိတ္ထီလာမှာရှိတဲ့ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ် MAEU က အင်ဂျင်နီယာတွေက မြန်မာနိုင်ငံအတွက် ကိုယ်ပိုင်ဂြိုဟ်တုတစ်လုံးကို ပထမဆုံးလွှတ်တင်ဖို့ လုပ်နေပါပြီ။ ဘယ်လိုဂြိုဟ်တု အမျိုးအစားပါလဲ။ ဘာ့ကြောင့် လွှတ်တင်ဖို့ ကြိုးစားရတာပါလဲ။ အပြည့်အစုံကို သိရဖို့ ပါမောက္ခချုပ် ဒေါက်တာကြည်သွင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို စပြောပါတယ်။

ဖြေ ။ ။ ကမ္ဘာမြေလေ့လာရေး Earth Observation Satellite ပါ။ ဒီ Satellite မှာ ကျနော်တို့ဟာက Micro Satellite အမျိုးအစားပါ။ ကီလိုဂရမ် ၅၀ ရှိတဲ့ Micro Satellite ကို နိုင်ငံတကာ အာကာသစခန်းကနေ လွှတ်တင်ဖို့ ရှိပါတယ်။

မေး ။ ။ အခုလိုမျိုး လွှတ်တင်ဖို့ ဘာကြောင့် ကြိုးစားရပါသလဲ ဆရာ။ ဘာကြောင့် လွှတ်တင်တာလဲ။ ပြောပြပေးပါ။

ဖြေ ။ ။ ကျနော်တို့ ဆက်သွယ်ရေးကဏ္ဍအနေနဲ့ Intelsat နဲ့ MyanmarSat I ဆိုပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒါကတော့ Condo set အမျိုးအစား - ဟိုမှာရှိတဲ့ Transporter ကို ဝယ်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၊ အင်တာနက် အသုံးပြုမှုတွေ၊ ရုပ်သံထုတ်လုပ်မှုတွေအတွက်။ နောက်တခါကြတော့ Joint-satellite ကို Intersat နဲ့ ကျနော်တို့ မြန်မာဘက် တဝက်ဆီ ကျခံပြီး၊ ပါတဲ့ Transporter ကိုလည်း တဝက်ဆီပေါ့။ အဲဒါနဲ့ လွှတ်ခဲ့တဲ့ဟာ ရှိပါတယ်။ ဒါတွေက လွှတ်ခဲ့တဲ့ ဆက်သွယ်ရေးကဏ္ဍအတွက် အများကြီးအထောက်အကူပြုတယ်။ နောက်တခါ အင်တာနက်အသုံးပြုမှုတွေ၊ broadcasting တွေအတွက် အထောက်အကူပြုတယ်။ သို့သော် ကျနော်တို့ဆီမှာက sectors တွေက အများကြီး စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သစ်တော၊ ရေလုပ်ငန်း၊ သဘာဝဘေးအန္တရာယ် စသည်ဖြင့် ဒါတွေအတွက်လဲ ကျနော်တို့ ဂြိဟ်တုလိုတယ်။ အဲဒီအတွက်က အခုပြောနေတဲ့ ကမ္ဘာမြေလေ့လာရေး ဂြိုင်တုပါ။ အဲဒီ ဂြိုဟ်တုကနေ Satellite Images တွေကို ပေးတယ်။ အဲဒီပေးတဲ့ images တွေကို နည်းပညာနဲ့ပြန်လုပ်ပြီး သုံးနိုင်တဲ့ကဏ္ဍ တော်တော်များများကို စေစောကပြောတဲ့ ဂြိဟ်တုကနေ ပံ့ပိုးပေးနိုင်တယ်။

မေး ။ ။ ဒါကြောင့် ဆရာတို့ လွှတ်ဖို့အတွက် ကြိုးစားကြတာပေါ့။ နည်းနည်းလေး ပြည့်ပြည့်စုံစုံ ပြောပြပေးပါ။ ဥပမာဆိုရင် ကဏ္ဍတစ်ခုအလိုက် ခွဲပြောမယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍမှာ ဘာတွေသုံးနိုင်သလဲ အရင်ပြောပြပေးပါ။

ဖြေ ။ ။ စိုက်ပျိုးရေးက Crop Monitoring ကောက်ပဲသီးနံှတွေရဲ့ အခြေအနေတွေက ပိုးကျနေလား။ သို့မဟုတ်လဲ သူတို့ရဲ့အပင်တွေ ဖြစ်ထွန်းမှုအတွက် မြေသြဇာတွေ လိုလား။ ဒါတွေက Satellite Images ရတဲ့ဟာကနေ ကျနော်တို့ Color Index တွေနဲ့ ပြန်ခွဲပြီးတော့ - သဘောက ကျနော်တို့က ပိုးမွှားတွေကျတယ်၊ ကျိုင်းကောင်တွေကျတဲ့ - Satellite ဓါတ်ပုံရိုက်လိုက်တယ်။ ရိုက်လိုက်တဲ့ ပေါ်ကနေ ဘယ်နေရာမှာတော့ ပိုးကျနေတယ်ဆိုတာတွေကို အတိအကျ ပြန်ပြီးတော့ တွက်ထုတ်ယူလို့ရတယ်။

မေး ။ ။ စိုက်ပျိုးရေးကဏ္ဍအတွက် အများကြီး သုံးနိုင်တာပေါ့။ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးမှာကော ဆရာတို့ အခုလွှတ်တင်မယ့် ဂြိုဟ်တုက ဘာတွေသုံးနိုင်ပါသလဲ။

ဖြေ ။ ။ သဘာဝဘေးအန္တရာယ်ဆိုရင် ဆိုပါစို့ ရေကြီးတယ် - ရေကြီးတဲ့နေရာကို Flood Monitoring လုပ်လို့ရတယ်။ အဲဒီကနေ ကျနော်တို့က ဘယ်လောက်ထိအောင် ထိခိုက်မှု Damage ဖြစ်နိုင်လဲ။ ရေလွှတ်ရာတွေကို ဘယ်လို စီမံခန့်ခွဲကြမလဲ Disaster Management - နောက်တခါ အခုလွှတ်မယ့်ဟာက Weather အတွက်လည်း Forecasting လုပ်လို့ရတယ်။ Thunderstorm တစ်ခုက ဘယ်ကိုသွားနေတယ်။ ဘယ်လောက်နှုန်းနဲ့ တိုက်နေတယ်ဆိုတဲ့ မိုးလေဝသခန့်မှန်းတွက်ချက်မှုကိုလဲ ပိုပြီးတိကျအောင် လုပ်ပေးနိုင်တယ်။

မေး ။ ။ ဆိုတော့ စိုက်ပျိုးရေးရယ်၊ မိုးလေဝသရယ်၊ ရာသီဥတုရယ်ပြီးတော့ တခြားဘယ်နေရာတွေမှာ သုံးနိုင်ပါသေးလဲ။

ဖြေ ။ ။ ဒီ Satellite Image က GIS နည်းပညာတွေနဲ့ဆိုတော့ Survey တွေ ဆောက်လုပ်ရေးဝန်ကြီးဌာနကသုံးတဲ့ Land Use တွေ၊ နောက်တစ်ခါ သစ်တောတွေရယ် အနေအထားတွေ၊ Deforestation တွေ ဘယ်လိုဖြစ်နေလဲ။ သစ်တောတွေပြုန်းတီးမှု ဘယ်လိုရှိနေလဲ။ ဘယ်နေရာတွေမှာ ဘယ်လို Cover ဖြစ်အောင် ပြန်လုပ်လို့ရမလဲဆိုတဲ့ဟာတွေ Land Use နဲ့ ပတ်သက်တာတွေ။ နောက်တစ်ခါ Urban Planning တွေမှာလဲ ရလာတဲ့ Satellite Image တွေကနေ GIS Technology ပေါင်းပြီး အသုံးချမယ်ဆိုရင် ရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့က National Planning လုပ်တဲ့အချိန်အထိကိုပဲ Satellite Image တွေက အများကြီးအထောက်အကူ ပေးနိုင်ပါတယ်။

မေး ။ ။ တော်တော်လေး အသုံးကျတယ်။ ဆရာ စောစောက ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံက --One and Two အတွက် ဆရာတို့ဘက်က ဘာတွေအထောက်အကူ ပေးရပါလဲ။

ဖြေ ။ ။ Communication Satellite ကတော့ ကျနော်တို့သွားပြီးတော့ Monosat ထဲမှာရှိတယ်၊ ကျနော်တို့နိုင်သလောက် Transporter ဝယ်ပြီး ဆက်သွယ်ရေးဌာနကို အင်တာနက်၊ ရုပ်သံထုတ်လွှင့်တာတို့ကို အသုံးချတယ်။ နောက်ဒုတိယတစ်ဆင့် Joint-sat က Intelsat နဲ့ မြန်မာနဲ့ တစ်ဝက်စီ။ အဲဒီပိုင်းမှာ ကျနော်တို့က နည်းပညာအားဖြင့်တော့ Intelsat က ပဲ အကုန်လုပ်တယ်။ ကျနော်တို့က ပိုက်ဆံထည့်ဝင်ပေးတယ်ရယ်၊ ကျနော်တို့ရလာတဲ့ အသုံးချရတာ ဒါပဲရှိတယ်။ အခု အကောင်အထည်ဖော်မယ့် ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုကတော့ ဆောက်တာပြုတာ အကုန်လုံးအလုံးစုံ ကိုယ့်ဆီကပိုင်တဲ့ ဂြိုဟ်တု ဖြစ်တယ်။ နောက်တစ်ခါ ဒီအစီအစဉ်ထဲမှာပဲ နည်းပညာလွှဲပြောင်းမှုဆိုတဲ့ ဒီဂြိုဟ်တုတစ်ခုကို ဘယ်လိုဒီဇိုင်းလုပ်မလဲ။ ဘယ်လိုတည်ဆောက်မလဲ။ လွှတ်တင်မယ့်၊ ဘယ်လိုထိန်းကျောင်းမလဲ။ ရလာတဲ့ Images တွေကို ဘယ်လိုအသုံးချမလဲ။ ဒီဟာတွေအတွက် ကျနော်တို့က HR Training တွေလည်း ဒီအထဲမှာပါမှာပါ။ ဆိုတော့ ဒီဟာကို Long term အတွက်ပါ ရည်ရွယ်ထားပါတယ်။ ဒါကတော့ အကုန်အလုံးစုံ ပိုင်တဲ့ ဂြိုဟ်တု ဖြစ်ပါတယ်။ ဟိုဟာတွေကတော့ တစ်ဝက်စီနဲ့ ငှားတာတွေနဲ့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ အခု Micro Satellite ကတော့ ကုန်ကျစရိတ်လည်း သက်သာတယ်။ တည်ဆောက်ရ၊ လွှတ်တင်ရစရိတ်တွေလည်း သက်သာပါတယ်။

မေး ။ ။ Micro Satellite ဆိုတဲ့ ဘာလဲ။ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ Satellite တွေကို သူတို့ရဲ့ Weigh အလေးချိန်ပေါ် မူတည်ပြီး အတန်းအစား ခွဲတာပေါ့။ ဥပမာ Communication Satellite တွေ။ တချို့ဆိုရင် နှစ်တန်၊ သုံးတန်လောက်အထိ လေးတယ်။ နောက်တစ်ခါ Geo Station ဆိုတဲ့ ကမ္ဘာပတ်လမ်းကြောင်းက အဝေးကြီး၊ ကီလိုမီတာ သုံးသောင်း၊ လေးသောင်းထိအောင်တင်တယ်။ ကမ္ဘာကြီးနဲ့အတူတူ ကမ္ဘာက ၂၄ နာရီ တစ်ပတ်လည်သလိုပဲ၊ ဒီဂြိုဟ်တုကလည်း ကမ္ဘာတစ်ပတ်ပတ်ဖို့ရာ ၂၄ နာရီကြာတယ်။ ဒါကြောင့်မို့ ကျနော်တို့ Communicate လုပ်လို့ရတယ်။ Broadcast လုပ်လို့ရတယ်။ သူက အကြီးဆုံး။ နောက် Small Satellite ဆိုတာ ရှိသေးတယ်။ ဒါကတော့ ကီလိုတန် တစ်ထောင်နဲ့ ငါးရာကြားထဲပေါ့။ ကီလိုတစ်ရာကတော့ Micro Satellite ထဲမှာပါတယ်။ သူအောက်နည်းတဲ့ Nao Satellite, Pico Satellite ဆိုပြီး သူတို့ရဲ့ အလေးချိန်ပေါ်မူတည်ပြီး ဂြိုဟ်တုအမျိုးအစား ခွဲခြားပြီးသတ်မှတ်တာပေါ့။

မေး ။ ။ အခုလွှတ်တင်တဲ့ဟာက Micro Satellite ပါလား။ ဒီ Satellite က ကမ္ဘာမြေကနေ အမြင့်ဘယ်လောက်မှာ ရှိပါသလဲ။

ဖြေ ။ ။ ဟုတ်ပါတယ် Micro Satellite ပါ။ ပထမ ဒီစီမံကိန်းမှာ ဂြိုဟ်တုနှစ်လုံး လွှတ်မှာပါ။ ပထမတစ်လုံးက လာမယ့် ၂၀၂၁ ဖေဖေါ်ဝါရီလမှာ တင်မှာပါ။ တင်မှာက ကမ္ဘာမြေအထက် ကီလိုမီတာ လေးရာနဲ့ ခြောက်ရာကြားထဲမှာ ရှိမှာပေါ့။ ဒုတိယလုံးကတော့ ကီလိုမီတာ ခြောက်ရာ ဖြစ်ပါတယ်။ Satellite မှာလဲ သူ့သက်တမ်းနဲ့သူ ရှိပါတယ်။ (၂) နှစ်ခွဲ (၃) နှစ် ဝန်းကျင်မှာ သုံးလို့ရတယ်။ ဆက်သွယ်ရေးဂြိုဟ်တုဆိုရင် သူ့သက်တမ်းက (၁၅) နှစ်။ တခါတည်း သတ်မှတ်ထားပြီးသား။ သူ့ရဲ့ ပိုသွားလို့ရှိရင်လဲ နည်းနည်းပဲ အများကြီး မပိုဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဂြိုဟ်တုတစ်ခုကို ထိန်းကျောင်းဖို့လိုတဲ့အရာတွေ ရှိတယ်။ အဲဒါ Satellite နဲ့အတူ တွက်ချက်ပြီးတော့ ထည့်လိုက်ရတယ်။ အဲဒီ Fuel တွေ ကုန်တဲ့အခါမှာ ဂြိုဟ်တုကြီးက ပျက်တော့မကျသေးဘူး၊ ဒါပေမဲ့ ကိုယ့်နိုင်ငံပေါ်မှာ ဖြတ်မသွားတော့ဘူး။ အဲဒီအခါ သူက သုံးမရ ဖြစ်တော့တာပေါ့။ အဲဒီပေါ်မူတည်ပြီး ကျနော်တို့က ဒီဇိုင်းအလိုက် အဲဒါကို ကြိုတွက်ရပါတယ်။ ဆိုတော့ ကျနော်တို့က နှစ်လုံးဆိုတဲ့နေရာမှာ ပထမသက်တမ်းကုန်ခါနီးမှာ၊ နောက်တစ်လုံး လွှတ်ဖို့ရာ။ အခုလက်ရှိ ပထမတစ်လုံးမှာတော့ ကျနော်တို့ ရှိပြီသား ဒီဇိုင်းတွေထဲက ကိုယ့်နိုင်ငံအတွက် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဂြိုဟ်တုအမျိုးအစားကို လွှတ်မှာပါ။ အဲဒီအထဲမှာ ကျနော်တို့ရဲ့ Requirements တွေ အကုန်လုံးကိုက်တဲ့ဟာ ဖြစ်ချင်မှာ ဖြစ်အုံးမယ်။ ဒီကြားထဲမှာ သူကိုသုံးမယ်။ သုံးနေရင်းက သူတို့ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲဆိုတဲ့ Survey တွေ ယူပြီးရင် နောက်ဒုတိယတစ်လုံးကြတော့ ကိုယ်တိုင်အဲဒီအချိန်မှာ ဒီဇိုင်းလုပ်နိုင်ပြီ။ လုပ်နိုင်တဲ့အချိန်မှာ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်နဲ့ ပိုပြီးကိုက်ညီတဲ့ ဒီဇိုင်း လုပ်မှာပါ။ သုံးမယ် Functions တွေကတော့ ကမ္ဘာမြေလေ့လာရေးပါပဲ။

မေး ။ ။ ဒါဆိုလို့ရှိရင် ဂြိုဟ်တုနှစ်လုံး လွှတ်တာက တစ်လုံးသက်တမ်းကုန်သွားလို့ရှိရင် နောက်တစ်လုံး သုံးဖို့အတွက်ပေါ့။ ဆိုတော့ ဆရာတို့ မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုဟ်တုလွှတ်ဖို့ ဘယ်နှစ်လုံးလွှတ်ဖို့ ရာထားပါသလဲ။

ဖြေ ။ ။ အခု ဒီစီမံကိန်းထဲမှာ စောစောကပြောတဲ့ ဂြိုဟ်တုနှစ်လုံးတင်တာ ရှိမယ်။ နောက်တစ်ခါ ကိုယ့်ဂြိုဟ်တုကို ထိန်းကျောင်းတဲ့ Ground Control Station ဒါလဲ မြန်မာပြည်မှာထားရှိမယ်။ ကိုယ်တိုင်နောက်ပိုင်း ကိုယ့်ဂြိုဟ်တုကို ကိုယ်ဘာသာထိန်းကျောင်းမယ်။ အဲဒါအပြင် နောက်ထပ်ဘာပါသလဲဆိုရင် နည်းပညာရဖို့အတွက် Human Resources တွေကို တစ်ခါတည်းတွဲပြီးတော့ Train လုပ်မယ်။ Train လုပ်ရင်နဲ့ Satellite Laboratory တစ်ခု မြန်မာပြည်မှာ ထူထောင်မယ်။ ထူထောင်မယ်ဆိုတယ်ဆိုတာ ဂြိုဟ်တု Micro ဆောက်ဖို့အတွက် လိုအပ်တဲ့ Equipment တွေ တစ်ခါတည်း ဒီစီမံကိန်းထဲမှာပါတယ်။ နောက် တတိယမြောက်အလုံး၊ စတုတ္ထမြောက်အလုံးဆိုရင် လိုအပ်တဲ့ပစ္စည်းပဲ ဝယ်ပြီးတော့ ကိုယ့်ဘာသာကိုယ် Develop လုပ်နိုင်တယ်ဆိုတော့ ကုန်ကျစရိတ်တွေ အများကြီးသက်သာသွားမယ်။ ဂြိုဟ်တုဆောက်ရမယ့် နည်းပညာလည်း ပိုပြီးတော့ရတာပေါ့။ လောလောဆယ်တော့ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တုကို Micro Satellite လုပ်တယ်။ အဲဒီဂြိုဟ်တုလုပ်တဲ့အပိုင်း ဒီဇိုင်းတွက်ချက်တာ၊ တည်ဆောက်တာတွေ ကျွမ်းကျင်တယ်ဆိုရင် Micro Satellite နဲ့ Communication ကို ကျနော်တို့ ကူးယူမှာပေါ့။ ဒါဆိုရင် ကိုယ့်နိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍအတွက်၊ ကမ္ဘာမြေလေ့လာရေးကဏ္ဍအတွက် ဒီဂြိုဟ်တုကို ကိုယ့်ဘာသာကိုယ် Develop လုပ်နိုင်တဲ့အထိ ကျနော်တို့က Long term ရည်ရွယ်တာပေါ့။

မေး ။ ။ တော်တော်ဝမ်းသာစရာပါ။ မြန်မာနိုင်ငံကနေ ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာ။

ဖြေ ။ ။ ကျနော်တို့က ဒီစီမံကိန်းလုပ်ရင်းနဲ့ နောက်ထပ် ကျနော်တို့ တွဲပြီးတော့ လုပ်ဖို့ရာအတွက် လမ်းညွှန်မှုပြုထားတာကတော့ Space Agency ထူထောင်မှာပါ။ Space Agency ဆိုတာကတော့ အာကာသနဲ့ ပတ်သက်တဲ့ အကုန်လုံး မူဝါဒတွေ၊ International နဲ့ Collaboration လုပ်တဲ့အခါမှာလဲ Focal Institution တစ်ခု လိုတာပေါ့။ ကျနော်တို့က လက်ရှိက တက္ကသိုလ် Level ဖြစ်နေတယ်။ လက်ရှိ ကျနော်တို့က ASEAN မှာ ကျန်တဲ့ UN Space Agency တွေမှာ ကျောင်းက မြန်မာနိုင်ငံမှာတော့ Focal အနေနဲ့ တာဝန်ယူပြီး လုပ်ပေးနေတယ်။ သို့သော် ဒီဘက်က Academic Call ရှိတဲ့အခါကြတော့ သက်သက် Agency ထူထောင်လာလိုက်ရင် Agency နဲ့ ကျောင်း တွဲလုပ်ပြီး သုတေသနတွေနဲ့ အဲဒီအချိန်မှာတော့ လက်ရှိကျောင်းသားတွေ ကျောင်းပြီးတဲ့အခါ၊ လက်ရှိ ကျောင်းတက်နေတဲ့အတွင်းမှာ အကုန်လုံး ပိုပြီးပူးပေါင်းဆောင်ရွက်နိုင်မယ်။ အာကာသနဲ့ ပတ်သက်တဲ့ ဂြိုဟ်တုနည်းပညာနဲ့ သူ့ရဲ့အသုံးချမှုတွေ Develop ဖြစ်ဖို့က အေဂျင်စီနဲ့ ကျောင်းတို့က Parallel တကယ့် Partnership နဲ့ ကျနော်တို့ လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂြိုဟ်တုနည်းပညာကို သုံးနိုင်တဲ့ဟာတစ်ခုက နိုင်ငံတစ်ခုရဲ့ တိုးတက်မှုမှာ အများကြီး အရေးပါတယ်ဆိုတာ ကျနော်တို့ သိတာတော့ တော်တော်ကြာပြီ၊ သို့သော် လူကြီးတွေရဲ့ စိတ်ဝင်စားမှု၊ နောက် ကိုယ့်နိုင်ငံရဲ့ ဘတ်ဂျက်အခြေအနေ ဒီဟာတွေပေါ် မူတည်ပြီး လုပ်ဖြစ်ဖို့ဆိုတာ ကြာပါပြီ။ ကျနော်တို့ အိပ်မက်က ၂၀၀၀ ကျော်ကျော်လောက်ကတည်း ရှိခဲ့တာ။ အနှစ် (၂၀) လောက်ကြာမှ အကောင်အထည် ဖော်နိုင်တာပေါ့။

မေး ။ ။ ဒီလိုအကောင်အထည်ဖော်နိုင်အောင် ဆရာတို့ ဘယ်နှစ်ငံတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ပါလဲ။

ဖြေ ။ ။ အခုလက်ရှိ ဒီစီမံကိန်းကတော့ ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်မှာပါ။ နိုင်ငံတော်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း မနှစ် စက်တင်ဘာ (၅) ရက်နေ့က Cabinet အစည်းအဝေးမှာပဲ သဘောတူခွင့်ပြုခဲ့တာပါ။ စောစောက တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တယ်ဆိုပေမယ့် ဒါကတော့ နိုင်ငံတော်ဘတ်ဂျက်က ကျခံတဲ့ စီမံကိန်းပါ။ ဆိုတော့ Satellite နည်းပညာမှာတော့ Hokkaido က နာမည်ရှိပြီး၊ ကမ္ဘာ့အဆင့် (၂) လောက်မှာ ရှိပါတယ်။

မေး ။ ။ ဆရာတို့ တကယ်တမ်း လွှတ်တင်မှာက ဘယ်နေ့ပါလဲ။

ဖြေ ။ ။ ၂၀၂၀ ဖေဖေါ်ဝါရီမှာ နာဆာကနေ တင်လွှတ်ပေးမှာပါ။ အမေရိကန် space agency ကပါ။ အခုလက်ရှိတော့ ဖေဖေါ်ဝါရီလို့ ပေးထားတာ ရှိတယ်။ ရက်အတိအကျတော့ ပထမ Myanmar Sat II ဆိုရင် ကျနော်တို့ တကယ်လွှတ်ရမယ့် Target Date နဲ့ဆိုရင် လလောက်ကို နောက်ရောက်သွားတာရှိတယ်။ လွှတ်မယ့်အချိန်မှာရှိတဲ့ ရာသီဥတုတို့ ဘာတို့လဲ ရှိတာပေါ့။ ရက်ကတော့ အတိအကျကြီး မပြောသေးဘူး။ သို့သော် ဖေဖေါ်ဝါရီလထဲမှာ တင်မယ်။ တင်တယ်ဆိုတာ အဲဒီ ဖေဖေါ်ဝါရီလမှာ NASA က ဒုံးပျံက နိုင်ငံတကာ အာကာသစခန်းကိုသွားဖို့ ရှိပါတယ်။ ကုမ္ပဏီဂြိုဟ်တုတွေ သယ်သွားပြီးတော့ အာကာသစခန်းကို ပို့တယ်။ အာကာသစခန်းကနေမှ ကျနော်တို့က ဂြိုဟ်ပတ်လမ်းထဲကို မတ်လမှာ ပြန်ပြီးထည့်ပေးမယ်။ အဲဒီမှာ ကျနော်တို့နိုင်ငံပေါ်ကနေ ပတ်မယ်။

ဒေါ်ခင်မျိုးသက် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို စိတ်ရှည်လက်ရှည် ပြောပြပေးတာ။

==Unicode==















မေး ။ ။ အခုလှှတျတငျတဲ့ဟာက Micro Satellite ပါလား။ ဒီ Satellite က ကမ်ဘာမွကေနေ အမွင့ျဘယျလောကျမှာ ရှိပါသလဲ။









