ညပိုင်း ၉း၀၀-၁၀း၀၀

Your browser doesn’t support HTML5

ဒီကနေ့အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ မြန်မာနိုင်ငံတွင်း COVID-19 သံသယနဲ့ ကန့်သတ်စောင့်ကြည့်ခံနေရတဲ့ လူနာတချို့ သေဆုံးနေရတာတွေနဲ့ ပတ်သတ်လို့ ပြည်သူတွေကြား စိုးရိမ်မှု၊ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးမှု လျော့နည်းနေတုန်းပဲလို့ လေ့လာသူတွေက ပြောတဲ့အကြောင်း၊ သင်ရိုးသစ် စတင်မယ့်အတန်းတွေကို သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေအတွက် သင်တန်းတွေ ပို့ချတာနဲ့ အွန်လိုင်းကနေ တက်နိုင်ပြီဆိုတဲ့ သတင်းပေးပို့ချက်တွေ အပါအဝင် သီတင်းပတ်စဉ် ကဏ္ဍတွေအဖြစ် ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတို့ကို နားဆင်ရမှာဖြစ်ပါတယ်။