ကွန်ဂရက်လွှတ်တော်တွင်း ဖျက်ဆီးဝင်ရောက်မှု သမ္မတထရမ့်ပ် ပြစ်တင်ရှုတ်ချ

Your browser doesn’t support HTML5

အမေရိကန်လွှတ်တော်အဆောက်အအုံထဲ လူတွေအတင်းချိုးဖောက်ဝင်ရောက်ပြီး တရားဥပေးမဲ့ အကြမ်းဖက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့ လုပ်ရပ်ပေါ်ပေါက်စေခဲ့တဲ့အတွက်ဆိုပြီး သမ္မတTrump ကိုရာထူးကဖယ်ရှားပေးဖို့ ပါတီနှစ်ရပ်စလုံးကတောင်းဆိုမှုတွေတိုးလာနေပါတယ်။
အမေရိကန်လွှတ်တော်အဆောက်အအုံထဲ လူတွေအတင်းချိုးဖောက်ဝင်ရောက်ပြီး တရားဥပေးမဲ့ အကြမ်းဖက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ခဲ့တဲ့လုပ်ရပ် စိတ်ဆိုးဒေါသထွက်မိကြောင်း အမေရိကန်သမ္မတ Donald Trump က ကြာသပတေးနေ့ကထုတ်ပြန်တဲ့ ဗွီဒီယိုမိန့်ခွန်းထဲမှာပြောထားပါတယ်။ လွှတ်တော်ထဲ လူတွေ ဒီလို အတင်းဝင်ရောက်ခဲ့တဲ့လုပ်ရပ်ပေါ်ပေါက်စေခဲ့တဲ့အတွက်ဆိုပြီး သမ္မတTrump ကိုရာထူးကဖယ်ရှားပေးဖို့ ဒီမိုကရက်ဖက်ကရော ရီပတ်ဘလစ်ကန်တွေဖက်ပါတောင်းဆိုမှုတွေတိုးလာချိန်မှာ သမ္မတရဲ့ ဗွီဒီယိုထွက်လာတာပါ။ အိမ်ဖြူတော်သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။