နံနက္ပိုင္း ၆း၀၀-၇:၀၀

Your browser doesn’t support HTML5

ဒီမနက္ တင္ဆက္မယ့္အစီအစဥ္ထဲမွာေတာ့ - ရန္ကုန္တိုင္းအတြင္း စစ္တပ္က ေဒသခံေတြကို ညဖက္ ပစ္ခတ္ႏွိမ္နင္းမႈအေပၚ ျမန္မာႏိုင္ငံဆိုင္ရာ သံ႐ုံးတခ်ဳိ႕က တုန္႔ျပန္ ေျပာဆိုလိုက္တဲ့ သတင္းေတြနဲ႔အတူ ရွမ္းျပည္ေျမာက္ပိုင္းမွာ တိုက္ပဲြေတြ ျပင္းထန္ေနတဲ့ သတင္း၊ ျမန္မာျပည္သူေတြကို စစ္တပ္က ေန႔စဥ္ ပစ္ခတ္ ဖိႏွိပ္ေနတဲ့အတြက္ ဒါကို တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြက အကာကြယ္ေပးဖို႔ လူမ်ဳိးေပါင္းစုံ အေထြေထြသပိတ္ေကာ္မတီက ပန္ၾကားလိုက္တဲ့ သတင္းနဲ႔အတူ ျမန္မာႏိုင္ငံနဲ႔ စီးပြားေရးဆိုင္ရာ သေဘာတူညီခ်က္ေတြကို အေမရိကန္က ယာယီရပ္ဆိုင္းလိုက္တဲ့ အေပၚ သုံးသပ္ေမးျမန္းခ်က္ ၊ လူသားခ်င္း ခဲြျခားဆက္ဆံမႈလို႔ ေျပာၾကတဲ့ BLM အမႈ ေပၚေပါက္လာေစတဲ့ မင္နီဆိုးတာျပည္နယ္က Geroge Floyd အမႈ တနလၤာေန႔က စတင္စစ္ေဆးတဲ့ အေျခအေန စတာေတြကို နားဆင္ရဖို႔ ရွိပါတယ္။ အဲဒီေနာက္မွာ သီတင္းပတ္စဥ္က႑ေတြျဖစ္တဲ့ စီးပြားေရးက႑ ၊ ဘေလာ့ဂါေတြေျပာသမွ် အစီအစဥ္ေတြကို ထုတ္္လႊင့္မွာပါ။ ဗြီအိုေအကို အားေပးနားဆင္တဲ့အတြက္ ေက်းဇူးအထူး တင္ရွိပါတယ္။ ........... ဒီမနက် တင်ဆက်မယ့်အစီအစဉ်ထဲမှာတော့ - ရန်ကုန်တိုင်းအတွင်း စစ်တပ်က ဒေသခံတွေကို ညဖက် ပစ်ခတ်နှိမ်နင်းမှုအပေါ် မြန်မာနိုင်ငံဆိုင်ရာ သံရုံးတချို့က တုန့်ပြန် ပြောဆိုလိုက်တဲ့ သတင်းတွေနဲ့အတူ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သတင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က နေ့စဉ် ပစ်ခတ် ဖိနှိပ်နေတဲ့အတွက် ဒါကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက အကာကွယ်ပေးဖို့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီက ပန်ကြားလိုက်တဲ့ သတင်းနဲ့အတူ မြန်မာနိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေကို အမေရိကန်က ယာယီရပ်ဆိုင်းလိုက်တဲ့ အပေါ် သုံးသပ်မေးမြန်းချက် ၊ လူသားချင်း ခွဲခြားဆက်ဆံမှုလို့ ပြောကြတဲ့ BLM အမှု ပေါ်ပေါက်လာစေတဲ့ မင်နီဆိုးတာပြည်နယ်က Geroge Floyd အမှု တနင်္လာနေ့က စတင်စစ်ဆေးတဲ့ အခြေအနေ စတာတွေကို နားဆင်ရဖို့ ရှိပါတယ်။ အဲဒီနောက်မှာ သီတင်းပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေးကဏ္ဍ ၊ ဘလော့ဂါတွေပြောသမျှ အစီအစဉ်တွေကို ထုတ်လွှင့်မှာပါ။ ဗွီအိုအေကို အားပေးနားဆင်တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။