နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
Your browser doesn’t support HTML5
ဗွီအိုအေ ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု
ဗွီအိုအေရဲ့ သောကြာနေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ မုံရွာမြို့မှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံလိုက်ရပေမဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်သွားကြမယ့်သတင်း၊ ရန်ကုန်ဆေးရုံကြီး ပြန်ဖွင့်ဖို့ ကြိုးစားနေပေမဲ့ ပုံမှန်အခြေအနေ ပြန်မရောက်သေးတဲ့သတင်းနဲ့ ရန်ကုန်မြို့မှာ အာဏာပိုင်တွေ နိုင်ထက်စီးနင်း ပြုမူတာခံနေရတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာပါ။
သီတင်းပတ်စဉ် ကဏ္ဍမှာတော့ ဦးအောင်ခင် တင်ပြတဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ တင်ဆက်ပေးသွားမှာပါ။
...........