စစ်ဘေးရှောင် ကရင်ဒုက္ခသည်များ
Your browser doesn’t support HTML5
စစ်အုပ်ချုပ်ရေးကောင်စီက ဧပြီလ ၁ရက်ကစလို့ တလတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ မြန်မာစစ်တပ်က ဧပြီလ ၁ရက်နေ့ ည၁၀နာရီကျော်တဲ့အထိ မြို့ပေါ်က အိမ်တွေကို လက်နက်တွေနဲ့ လိုက်လံပစ်ခတ်နေတာကြောင့် အိမ်တွေမှာ မနေရဲတော့ပဲ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။