လန်ဒန်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ
Your browser doesn’t support HTML5
ဗြိတိန်နိုင်ငံရောက် မြန်မာတွေနဲ့ မြန်မာအရေးစိတ်ဝင်စားသူ စုစုပေါင်း ၃၀၀၀ လောက် ဧပြီလ ၃ ရက်နေ့က လန်ဒန်မြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ဗြိတိန်လွှတ်တော်ရှိရာ ပါလီမာန်ရင်ပြင်မှာ ဆန္ဒပြပွဲကို စတင်ခဲ့ပြီး အဲဒီကနေ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson နေထိုင်တဲ့ ဒေါင်းနင်းလမ်းရှေ့ကို သွားပြီးဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေဟာ ဒေါင်းနင်းလမ်းကနေ လန်ဒန်မြို့လယ်လမ်းတွေပေါ်မှာ ချီတက်ပြီး မြန်မာသံရုံးရှေ့ကို သွားရောက် ဆန္ဒပြပါတယ်။ အဲဒီနောက် လန်ဒန်မြို့ရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ Hyde Park ပန်းခြံကို ဖြတ်ကျော် ချီတက်ကြပြီး ရုရှားသံရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။