နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
Your browser doesn’t support HTML5
ဗွီအိုအေရဲ့ သောကြာနေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ ကချင်ပြည်နယ် မိုးမောက်ဒေသမှာ KIA နဲ့ မြန်မာစစ်တပ် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားတဲ့သတင်း၊ စစ်တပ်က အာဏာသိမ်းပြီး ၃ လအကြာ ဘဏ်လုပ်ငန်းတွေရဲ့ အခြေအနေ၊ တရုတ်နိုင်ငံက မူဆယ်နယ်စပ်ကို ဆက်ပိတ်ထားမယ့်သတင်းနဲ့ ရုပ်သံဖမ်း ဂြိုဟ်တုစလောင်းတွေကို အာဏာပိုင်တွေ လိုက်လံဖြုတ်သိမ်းနေတဲ့ သတင်းတွေကိုလည်း နားဆင်ရမှာပါ။
သီတင်းပတ်စဉ် ကဏ္ဍမှာတော့ ဦးအောင်ခင် တင်ပြတဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။
.........