နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
Your browser doesn’t support HTML5
ဗွီအိုအေရဲ့ စနေနေ့ မနက်ပိုင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ NLD ပါတီဖျက်သိမ်းခံရရင် ကြုံရနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပေါ် ပါတီဝင်တချို့ရဲ့အမြင်၊ မြန်မာစစ်တပ်နဲ့ KNPP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲသတင်း၊ တရုတ်နယ်စပ်မှာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံထွက် သီးနှံတင်ပို့မှု ထိခိုက်နေတဲ့သတင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်း ရေးသားဖော်ပြနေတာတွေကို ကောက်နုတ်ဖော်ပြချက် တွေကိုလည်း နားဆင်ရမှာပါ။
သီတင်းပတ်စဉ် ကဏ္ဍမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။
.............