အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတိုက်တလုံးပြိုလဲ

Your browser doesn’t support HTML5

အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် ဂါဇာကမ်းမြောင်ဒေသက ၁၃ထပ်တိုက်တစ်လုံးပြိုလဲသွားခဲ့တာပါ။ အဲဒီအဆောက်အအုံမှာနေထိုင်သူတွေက တနာရီလောက်အလိုက ပြောင်းရွှေ့နေကြဖို့ သတိပေးမှုရှိခဲ့ပေမယ့် ပြိုကျသွားချိန်မှာ လူတွေကျန်နေသေးသလားဆိုတာတော့ ချက်ချင်းမသိရပါဘူး။