VOAမြန်မာပိုင်း ညပိုင်း ၉း၀၀-၁၀း၀၀

Your browser doesn’t support HTML5

ဒီကနေ့ အစီအစဉ်တွေမှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အမှု ၄မှုကို စတင်စစ်ဆေးတဲ့သတင်း၊ မန္တလေးမြို့မှာ ကာကွယ်ဆေးထိုးပြီးသားလူတဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့သတင်း၊ ရန်ကုန်မန္တလေးနဲ့မုံရွာမြို့တွေမှာ “သပိတ်စုံသူပုန်ထ”ဆိုတဲ့ခေါင်းစဉ် လျှပ်တပြက်ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့သတင်း၊ ချင်းပြည်နယ်ကိုပို့တဲ့ ကျောင်းသုံးစာအုပ်တင်ကားနှစ်စီး မီးရှို့ဖျက်ဆီးခံရတဲ့သတင်း၊ ကရင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်သား ၂၅ဦးကို KNDO က ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့သတင်းကို KNDOက ငြင်းဆန်တဲ့သတင်းတွေ နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလောဂါတွေပြောသမျှတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။