အိန္ဒိယမှာ မိုးကြိုးပစ်လို့ ၂၄ နာရီအတွင်း ၃၈ ဦး သေဆုံး

A car moves through a flooded street during monsoon rains Jammu, India, Monday, July 12, 2021. India’s monsoon season runs from June to September. (AP Photo/Channi Anand)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ ပြည်နယ် ၂ ခုမှာ မိုးကြိုးပစ်လို့ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရာဂျစတန်ပြည်နယ်က ၁၂ရာစု အမ်ဘာခံတပ်က မျှော်စင် အနီးမှာ မိုးကြိုးပစ်ရာကနေ လူ ၁၁ ဦးသေဆုံးခဲ့တာပါ။ သေဆုံးသူတချို့က မျှော်စင်ကို လာရောက်လည်ပတ်ရင်း လက်ကိုင်ဖုန်းနဲ့ဓါတ်ပုံရိုက်နေချိန်မှာ မိုးကြိုးပစ်ခံရတာလို့ အကြီးတန်းရဲအရာရှိတဦးက ပြောပါတယ်။

တဆက်တည်းမှာပဲ မုတ်သုန်ရာသီ မိုးရွာတာနဲ့ လေပြင်းမုန်တိုင်းတိုက်ခိုက်ချိန် မိုးကြိုးပစ်လို့ တခြားပြည်နယ်တခုမှာလည်း အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဥတ္တာပရဒေ့ရ် ပြည်နယ်မှာလည်း မိုးကြိုးပစ်လို့ ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့သူအများစုက လယ်ထဲမှာ အလုပ်လုပ်နေကြသူတွေလို့ သိရပါတယ်။

ပြည်နယ် ၂ ခုရဲ့ အစိုးရတွေကတော့ ဒဏ်ရာရသူတွေနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ထောက်ပံ့ကြေးငွေပေးသွားမယ်လို့ ပြောပါတယ်။ အိန္ဒိယမိုးလေဝသဌာနကတော့ နောက် ၂ ရက်အတွင်း မိုးကြိုးတွေ ထပ်ပစ်ဖို့ရှိနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ၂၀၁၉ ခုနှစ်တုံးကတော့ အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်လို့ လူ ၂၉၀၀ ကျော် သေဆုံးခဲ့တယ်လို့သိရပါတယ်။

Your browser doesn’t support HTML5

အိန္ဒိယမှာ မိုးကြိုးပစ်လို့ ၂၄ နာရီအတွင်း ၃၈ ဦး သေဆုံး

------------------------------

အိန်ဒိယမှာ မိုးကွိုးပဈလို့ ၂၄ နာရီအတှငျး ၃၈ ဦး သဆေုံး


