အာဖဂနစ္စတန်ဆန္ဒပြပွဲ တာလီဘန်နှိမ်းနှင်းမှု ၃ ဦးသေ

Your browser doesn’t support HTML5

အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည်သိမ်းပြီး အာဏာခိုင်မာအောင် တည်ဆောက်နေတဲ့ တာလီဘန်အဖွဲ့က နိုင်ငံအရှေ့ပိုင်း Jalalabad မြို့မှာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ ၃ ဦးထက်မနည်း သေဆုံးပြီး အတော်များများ ဒဏ်ရာတွေရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ တာလီဘန်အဖွဲ့က တစုံတရာ မှတ်ချက်ပေးတာမရှိသေးပါဘူး။