ရေခူတွေဖုံးသွားတဲ့ ခရိုင်းမီးယားကမ်းခြေ

Your browser doesn’t support HTML5

ခရိုင်းမီးယားဒေသ မြောက်ပိုင်းကမ်းခြေတွေပေါ် ထောင်နဲ့ချီတဲ့ ရေခူ (Jellyfish) တွေ သောင်တင်နေတာကို သြဂုတ်လ ၂၅ရက် နေ့ကတွေ့ရတာပါ။ သြဂုတ်လထဲ အခုလိုဖြစ်စဉ်ဟာ မြင်နေကျဖြစ်ပြီး မထူးဆန်းပေမယ့် ဒီနှစ်ပိုင်းတွေအတွင်းမှာတော့ Azov ပင်လယ်အတွင်း အငန်ဓါတ်တိုးလာမှုကြောင့် အကောင်ရေပိုများများ တွေ့လာရတယ်လို့ သိရပါတယ်။