ဟေတီရွှေ့ပြောင်းအခြေချသူတွေကို အမေရိကန်က နေရပ်ပြန်ပို့
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စုကနေ ဟေတီနိုင်ငံကို လေယာဉ်နဲ့ပြန်ပို့ခံခဲ့ရတဲ့ လူတွေဒါဇင်များစွာ အင်္ဂါနေ့က မြို့တော် Port-au-Prince လေယာဉ်ကွင်းမှာ အာဏာပိုင်တွေနဲ့ ပြဿနာဖြစ်နေကြတာပါ။ တက္ကဆက်ပြည်နယ် နယ်ခြားကို ရောက်လာတဲ့ ထောင်နဲ့ ချီတဲ့ ဟေတီနိုင်ငံကရွှေ့ပြောင်း ဝင်လာသူတွေကို တနင်္ဂနွေနေ့က အမေရိကန် ပြည်ထောင်စုက လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနက လေယာဉ်သုံးစီးနဲ့ နေရပ်ပြန်ပို့ခဲ့ပါတယ်။