ငရဲတွင်းထဲဆင်းသက်ခဲ့တဲ့ ပထမဆုံးလေ့လာရေးအဖွဲ့
Your browser doesn’t support HTML5
အိုမန်နိုင်ငံသား လိုဏ်ဂူလေ့လာရေးအဖွဲ့တဖွဲ့ဟာ ရီမင်နိုင်ငံထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ Well of Barhout လို့ခေါ်တဲ့ နေရာဆီ ဆင်းသက်လေ့လာခဲ့ပါတယ်။ သူတို့ဟာ အခုလိုကွင်းဆင်းလေ့လာတဲ့ ပထမဆုံးအဖွဲ့လည်းဖြစ်ပါတယ်။ ပေ ၁၀၀နီးပါးအကျယ်နဲ့ ၃၆၇ပေ အနက်ရှိတဲ့ ဒီနေရာကို "ငရဲတွင်း"လို့ လူသိများကြပြီး ရှေးရိုးစဉ်လာပုံပြင်တွေထဲမှာတော့ မကောင်းဆိုးဝါးတွေကို အကျဉ်းချဖို့အတွက် ကန္တာရထဲမှာ ဖန်တီးထားတဲ့ တွင်းနက်ကြီးတခုလို့ သိထားကြပါတယ်။ ရီမင်နိုင်ငံအရှေ့ပိုင်းပြည်နယ် Al-Mahra မှာတည်ရှိပြီး အိုမန်နိုင်ငံဘက်နဲ့လည်း နီးစပ်ပါတယ်။