ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချဖို့ရှိတဲ့နေရမှာပဲ ရန်ကုန်မှာ လျှပ်တပြက်ဆန္ဒပြ

Your browser doesn’t support HTML5

စစ်အာဏာရှင်ဆန့်ကျင်ရေး လူငယ် ၁၅ယောက်လောက်ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ နိုဝင်ဘာ ၃၀ရက်နေ့က ရန်ကုန်မြို့ပေါ် လျှပ်တပြက်ဆန္ဒပြခဲ့ကြပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုလို့ အဓိပ္ပါယ်ရတဲ့စာတန်းကို ဆွဲကိုင်၊ ကြွေးကြော်သံတွေနဲ့အတူ ချီတက်ခဲ့ပြီး လုံခြုံရေးတပ်တွေကိုရှောင်ဖို့အတွက် မိနစ်ပိုင်းအတွင်းမှာပဲ လူစုခွဲခဲ့ကြတာပါ။