အပန်းဖြေအိမ်လေး သမုဒ္ဒရာထဲပါသွား

Your browser doesn’t support HTML5

အမေရိကန်အရှေ့ဘက်ကမ်း အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်း ကမ်းနားက အိမ် ၂ အိမ် ရေထဲပါသွားခဲ့ပါပြီ။ လူမနေတဲ့ အိမ် ၂ အိမ်ဖြစ်ပြီး အဲဒီ အနီးတဝှိက်ကို အမေရိကန် သဘာဝဥယာဉ် ထိန်းသိမ်းရေးဌာနက ပိတ်ထားလိုက်ပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ကမ်းခြေကအိမ်တွေ ရေထဲပါသွားတာ ၃ လုံး မြောက်အိမ်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်၊ သမုဒ္ဒရာထဲ ကုန်းမြေအမြှောင်းလေးထိုးထွက်နေတဲ့ Outer Bank အပြင်ကမ်းပါးမှာ ဖြစ်တာပါ။ ရှုခင်းအထူးလှပလို့ အပန်းဖြေအိမ်တွေ ဆောက်ထားကြပေမဲ့ ကျွမ်းကျင်သူတွေကတော့ အိမ်ကို မဆောက်သင့်တဲ့နေရာလို့ ပြောထားပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ကမ်းရိုးတမ်းတလျှောက်လုံးနီးပါးက ကမ်းပါးနိမ့်တဲ့သန္တာကျောက်ကျွန်းတွေဖြစ်ပြီး အထူးသဖြင့် မုန်တိုင်းဒီရေလှိုင်းတွေဒဏ်ကို ခံရတာဖြစ်ပါတယ်။