ဒီစီမှာ သူနာပြုများအရေး တောင်းဆိုချီတက်

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုမှာ သူနာပြုတွေ အလုပ်လုပ်ရတဲ့ အခြေအနေ ပိုကောင်းမွန်အောင် ဖန်တီးပေးဖို့နဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြီးအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေကို အောက်မေ့သတိရဖို့ ဝါရှင်တန်မြို့တော်မှာ မေလ ၁၂ က သူနာပြုတွေ တောင်းဆို ချီတက်ခဲ့ကြပါတယ်။

သူနာပြုတော်တော်များများအတွက် အလုပ်တွေမနိုင်နိုင်အောင်ဖြစ်ရတယ်၊ လစာပေးတာကြတော့ နည်းတယ်လို့ သူတို့က ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဒီသီတင်းပတ် သူနာပြုသီတင်းပတ်ရဲ့ ပထမဆုံးနေ့ မေ ၆ ရက်နေ့က သူနာပြုများနေ့လည်း ဖြစ်ပါတယ်။