ပစ်ခတ်မှုကြောင့် သေဆုံးရသူတွေအတွက် သမ္မတဘိုင်ဒန် ပန်းစည်းချ

Your browser doesn’t support HTML5

▶️ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ဇနီးဂျေးလ်ဘိုင်ဒန်တို့ဟာ နယူးယောက်ပြည်နယ် ဘဖ်ဖဲလိုမြို့က Tops ဈေးဝယ်စင်တာရှေ့ ခင်းကျင်းထားတဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ်နေရာမှာ မေလ ၁၇ရက်နေ့က အမှတ်တရပန်းစည်းလာရောက်ထားရှိခဲ့ပါတယ်။

မေလ ၁၄ရက် စနေနေ့က လူမည်းတွေနေထိုင်တဲ့အရပ် ကုန်စုံဆိုင်ထဲမှာ လူ ၁၀ ဦးကို သေနတ်နဲ့ဝင်ပစ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူဖြူအမျိုးသား Payton Gendron ကို စနေနေ့နှောင်းပိုင်းမှာ တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။