ကိယက်ဗ်ဒေသမှာ ဗုံးရှင်းလင်းရေးလုပ်ဆောင်

Your browser doesn’t support HTML5

မပေါက်ကွဲသေးတဲ့ အမြောက်ဆံနဲ့ ဗုံးပေါင်း ၁၅၀ ကို ဇွန်လ ၁ရက် ဗုဒ္ဓဟူးနေ့က ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသမှာ ဖောက်ခွဲဖျက်ဆီးနေတာဖြစ်ပါတယ်။ ကိယက်ဗ်အနီးဝန်းကျင်ကို ရုရှားဘက်ကတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဒီပစ္စည်းအမျိုးပေါင်းများစွာကို ယူကရိန်းဗုံးရှင်းလင်းဖယ်ရှားရေးအဖွဲ့က ဖောက်ခွဲခဲ့တာပါ။

အခုလို မပေါက်ကွဲသေးတဲ့ ပမာဏများတာကြောင့် ဒီဒေသကို ဗုံးရှင်းလင်းရေးလုပ်ဆောင်ရာမှာ နှစ်နဲ့ချီကြာနိုင်ကြောင်း ကိယက်ဗ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ယူကရိန်းရုပ်မြင်သံကြားမှာ မေလ ၃၁ရက် အင်္ဂါနေ့က ပြောသွားခဲ့ပါတယ်။