ပိုလန်၊ ချက်၊ ဆလိုဗက်ကီးယားနဲ့ ယူကေနိုင်ငံတွေဟာ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ပြသခဲ့တာပါ။ နေတိုးမဟာမိတ် ၁၇ဖွဲ့နဲ့အတူ တခြားမိတ်ဖက်နိုင်ငံတွေလည်း ဒီလေ့ကျင့်ရေးမှာ ပါဝင်ခဲ့ကြပါတယ်။
လေကြောင်းကာကွယ်ရေး နေတိုးစစ်ရေးလေ့ကျင့်
Your browser doesn’t support HTML5
လေယာဉ်၊ ဒရုန်းနဲ့ ဒုံးကျည်တွေရန်ကကာကွယ်ဖို့အတွက် ဇွန်လ ၉ ရက်နေ့က ပိုလန်နိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်တွေ လေကြောင်းကာကွယ်ရေး လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ဒါဟာ Ramstein Legacy 2022 လို့နာမည်ပေးထား စစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး တကယ့်ကျည်အစစ်တွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။