အာဖဂန်နစ္စတန်လို ဆင်းရဲတဲ့ နိုင်ငံတခုမှာ အိမ်ထောင်ပြုတာဟာ အကုန်အကျများပြီး အစဉ်အလာအားဖြင့် လက်ဖွဲ့ပစ္စည်းကြီးတွေ၊ အဖိုးတန်လက်ဆောင်တွေနဲ့ ခမ်းခမ်းနားနားဧည့်ခံပွဲတွေ ပါဝင်တာပါ။ စုံတွဲ ၇၀ ကို လက်ထပ်ပေးတဲ့ အခုမင်္ဂလာပွဲဟာတော့ လက်ရှိစီးပွားရေးပြိုလဲနေတဲ့ အာဖဂန်မှာ တာလီဘန်တွေ အာဏာရပြီး မြင်တွေ့ရတဲ့ ကြီးကြီးကျယ်ကျယ်အခမ်းအနားတွေထဲက တခုဖြစ်ပါတယ်။
အာဖဂန်မှာကျင်းပတဲ့ စုပေါင်းမင်္ဂလာပွဲ
Your browser doesn’t support HTML5
အာဖဂန်အမျိုးသားတွေနဲ့ လက်ထပ်ဖို့အတွက် အစိမ်းရောင် ပုဝါတွေလွှမ်းခြုံထားတဲ့ အာဖဂန်သတို့သမီး ဒါဇင်နဲ့ချီကို ကဘူးလ်မြို့က စုပေါင်းမင်္ဂလာပွဲတခုမှာ ဇွန် ၁၃ ရက်နေ့က တွေ့ရတာပါ။
ဒီအခမ်းအနားကို ဧည့်သည်ရာနဲ့ချီတက်ရောက်ပြီး သေနတ်ကိုင်ဆောင်ထားတဲ့ တာလီဘန်တပ်သားတွေကိုလည်း တွေ့ရပါတယ်။