ပထမဆုံးပြည်တွင်းလုပ်ဒုံးကျည်နဲ့ တောင်ကိုရီးယား ဂြိုဟ်တုလွှတ်တင်

Your browser doesn’t support HTML5

တောင်ကိုရီးယားနိုင်ငံဟာ ပြည်တွင်းမှာ ပထမဆုံးတည်ဆောက်တဲ့ "နူရီ"ဒုံးကျည်ကိုအသုံးပြုပြီး အာကာသထဲ ဇွန်လ ၂၁ရက်နေ့က အောင်အောင်မြင်မြင်ဂြိုဟ်တုလွှတ်တင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈လက ဂြိုဟ်တုပုံတူတခုသုံး စမ်းသပ်လွှတ်တင်မှုမှာ ဒုံးကျည်ဟာ တတိယအဆင့်မှာ ချွတ်ယွင်းမှုဖြစ်ခဲ့လို့ မအောင်မြင်ဖြစ်ခဲ့ရပါသေးတယ်။

ဒါဟာ တောင်ကိုရီးယားရဲ့ အမှီအခိုကင်းတဲ့ အာကာသဖွံ့ ဖြိုးမှုအစီအစဉ်တည်ဆောက်ရေးအတွက် အဓိကကျတဲ့ ခြေလှမ်းတရပ်လည်းဖြစ်ပါတယ်။