မိချောင်းနဲ့ မင်္ဂလာဆောင်တဲ့ မြို့တော်ဝန်

Your browser doesn’t support HTML5

မက္ကဆီကိုနိုင်ငံက မြို့လေးတမြို့ရဲ့ မြို့တော်ဝန်တဦးဟာ ဇွန်လ ၃၀ရက်နေ့က မိချောင်းတကောင်ကို အစဉ်အလာအခမ်းအနားကျင်းပပြီး လက်ထပ်ယူခဲ့ပါတယ်။ ဆန်ပေဒရိုဟွာမေလူလာမြို့တော်ဝန် ဗစ်တာဟူဂိုဆိုဆာဟာ မင်္ဂလာဆောင်အခမ်းအနားအတွင်း ကြိုးနဲ့စည်းထားတဲ့ မိချောင်းရဲ့ နှာခေါင်းကို သူရဲ့ နှုတ်ခမ်းနဲ့ နမ်းရှုံ့ခဲ့ပါသေးတယ်။