ဂျပန်ဝန်ကြီးချုပ်ဟောင်း ဈာပန တိုကျိုမှာကျင်းပ

Your browser doesn’t support HTML5

ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဘုရားကျောင်းကနေ ဈာပနအခမ်းအနားကျင်းပမယ့် နာရေးခန်းမထိ သယ်ဆောင်တဲ့ လမ်းတလျှောက် ထောင်နဲ့ချီတဲ့ ပြည်သူတွေ နောက်ဆုံး ဂါရဝပြု နှုတ်ဆက်ကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံအနောက်ပိုင်း နာရမြို့ မဲဆွယ်စည်းရုံးပွဲတခုမှာ ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာပါ။ ဒီကနေ့ ဈာပနကျင်းပမယ့် တိုကျိုမြို့လယ် နာရေးခန်းမနေရာကို ဝန်ကြီးချုပ်ဟောင်း အာဘေး ရုပ်အလောင်း သယ်ဆောင်လာတဲ့ ကားက သူ့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရုံးချုပ်အပါအဝင် ဝန်ကြီးချုပ်ရုံး၊ ပါလီမန်အဆောက်အအုံနဲ့ ဝန်ကြီးချုပ်ဟောင်း အာဘေး ဘဝတလျှောက် နိုင်ငံရေးအရ အရေးပါတဲ့နေရာတွေကို ပတ်ပြီး မောင်းနှင်သယ်ဆောင်ခဲ့တာပါ။