ဥတုရာသီဖောက်ပြန်မှုကြောင့် သရက်သီးရှား

Your browser doesn’t support HTML5

ပါကစ္စတန်နိုင်ငံမှာ သရက်ခြံစိုက်သူတွေ သရက်သီးအထွက်နည်းလို့ ညည်းနေကြပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ဥတုရာသီပြောင်းလဲမှုဒဏ်ကို အခံရဆုံးနိုင်ငံတနိုင်ငံဖြစ်ပြီး အပူချိန်မြင့်တက်တာရယ်၊ ရေရှားပါးတာရယ်ကြောင့် တချို့ဒေသတွေမှာ သရက်သီးထွက်နှုန်းက ၄၀% လောက်ထိ ကျဆင်းသွားပါတယ်။