နာဆာရဲ့ James Webb အာကာသအဝေးကြည့်မှန်ပြောင်း

Your browser doesn’t support HTML5

James Webb အာကာသ အဝေးကြည့်မှန်ပြောင်းကရရှိတဲ့ ပထမဦးဆုံး ရောင်စုံပုံတွေကို ဇူလိုင်လ ၁၁ ရက်နေ့က အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒင်က ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံရိပ်တွေက မှန်ပြောင်းကြီးရဲ့ ပထမဆုံး ရောင်စုံပုံတွေ ဖြစ်ရုံမက၊ အဝေး စင်္ကြာဝဠာရဲ့ အနက်ရှိုင်း၊ အပြတ်သားဆုံးပုံတွေဖြစ်လို့ လူအများစိတ်ဝင်စားတာခံခဲ့ရပါတယ်။

James Webb အာကာသ အဝေးကြည့်မှန်ပြောင်းကရရှိတဲ့ ပထမဦးဆုံး ရောင်စုံပုံတွေကို ဇူလိုင်လ ၁၁ ရက်၊ တနင်္လာနေ့က အိမ်ဖြူတော်မှာ သမ္မတဘိုင်ဒင်က ထုတ်ပြန်လိုက်ပါတယ်။ ဒီပုံရိပ်တွေက မှန်ပြောင်းကြီးရဲ့ ပထမဆုံး ရောင်စုံပုံတွေ ဖြစ်ရုံမက၊ ခုအထိ အဝေး စင်္ကြာဝဠာရဲ့ အနက်ရှိုင်း၊ အပြတ်သားဆုံးပုံတွေ ဖြစ်လို့ လူအများစိတ်ဝင်စားတာခံခဲ့ရပါတယ်။ James Webb ဆိုတာ အမေရိကန်အာကာသအေဂျင်စီ နာဆာ (NASA)ကို ၁၉၆၁ ကနေ ၁၉၆၈ အထိ ဦးဆောင်ခဲ့တဲ့ ဒုတိယမြောက်အကြီးအကဲဖြစ်ပြီး၊ သူ့ကို ဂုဏ်ပြု နာမည်ပေးခဲ့တာပါ။

အာကာသ စူးစမ်းရေးမှန်ပြောင်းစီမံကိန်း JWRP က အာကာသမှန်ပြောင်းသိပ္ပံပညာရှင် Klaus Pontoppidan က

" တယ်လီစကုပ် မှန်ပြောင်းဆိုတာ တကယ်တော့ time machine အချိန်ပြ စက်တမျိုးပါပဲ။ ဘာကြောင့်လည်း ဆိုတော့ အလင်းဟာ စကြာဝဌာထဲမှာ ကန့်သတ်ထားတဲ့နှုန်းနဲ့ သွားနေတာကြောင့်ပါ။ အလင်းရောင်ပြန်ထုတ်လိုက်မှပဲ အော် ဒီစကြာဝဌာကြီး က ဒီမှာ ရှိနေပါလား ဆိုတာကို ကျနော်တို့ မြင်နိုင်တာပါ။ သူက အချိန်နဲ့ နေရာကို ဖြတ်သွားပြီးတဲ့နောက်မှ ကျနော်တို့က မြင်ရတာပါ။ ဥပမာ ပြောရရင် တကယ်လို့ "လ"ကိုကြည့်တယ် ဆိုပါတော့။ လကနေ ကမ္ဘာကို အလင်းသွားတာက တစက္ကန့်လောက် ကြာမယ်ဆိုရင် ကျနော်တို့ လကိုမြင်ရတဲ့ အချိန်ဟာ လွန်ခဲ့တဲ့ တစက္ကန့်လောက်က လဖြစ်နေတာ မျိုးပါ။” ဒီတယ်လီစကုပ်ကြီးအကြောင်း အချက်အလက်တွေကိုတော့ ဒေါ်ခင်မျိုးသက်တင်ဆက်တဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ အသေးစိတ်ဆက်လက်ကြည့်ရှုနားဆင်နိုင်ပါတယ်။ - https://burmese.voanews.com/a/6398194.html