ပြင်သစ်အမျိုးသားနေ့ပွဲ မီးရှုးမီးပန်းပစ်ဖေါက်

Your browser doesn’t support HTML5

ပြင်သစ်တော်လှန်ရေးနေ့တွေအထိမ်းအမှတ်ဖြစ်တဲ့ ပြင်သစ်အမျိုးသားနေ့ပွဲကို ဇူလိုင်လ ၁၄ရက်နေ့က ဆင်နွှဲခဲ့တဲ့အနေနဲ့ ပဲရစ်မြို့ အီဖယ်တာဝါရှေ့ မီးရှူးမီးပန်းတွေ ပစ်ဖေါက်နေတာကို တွေ့ရတာပါ။

စစ်ရေးပြအခမ်းအနားတွေနဲ့ ပျှော်ပွဲရွှင်ပွဲတွေပါတဲ့ ဒီနေ့ အခမ်းအနားကို တက်လာတဲ့ ပြင်သစ်သမ္မတက မထင်မှတ်ခဲ့တဲ့ ယူကရိန်းရဲ့ ရုရှား ကျုးကျော်စစ်အပေါ် ကြံကြံခိုင်နိုင်ခဲ့မူကို ချီးကျုးဂုဏ်ပြုလိုက်ပါတယ်။

ဒီနေ့အခမ်းအနားအကြို ညနေမှာ ယူကရိန်းနဲ့ရုရှားအိမ်နီးချင်းအများစုက စစ်သားတွေပါတက်တဲ့ တပ်ပေါင်းစုကို မိန့်ခွန်းပြောရာမှာ သမ္မတ Emmanuel Macron က၊ ရုရှားဘက်က အစပိုင်းစစ်ရေးအားကြီးမူကို ယူကရိန်းနိုင်ငံချစ်စိတ်ဓာတ်နဲ့ အံသြစရာ အံတုနိုင်ခဲ့ကြတယ်လို့ ဆိုလိုက်ပါတယ်။