ဝါရှင်တန်ရောက် ယူကရိန်းသမ္မတကတော်

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စုမြို့တော် ဝါရှင်တန်ကိုရောက်နေတဲ့ ယူကရိန်းသမ္မတကတော် အိုလေနာဇလန်စကာဟာ ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ အမေရိကန်သမ္မတကတော် ဂျေးလ်ဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်စစ်စခဲ့ပြီး ၅ လအကြာမှာ အခုလို ယူကရိန်းသမ္မတကတော် အမေရိကန်ကို လာရောက်တာပါ။

မနေ့တုန်းကတော့ သမ္မတကတော်ဇလန်စကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ တွေ့ဆုံခဲ့သလို၊ မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ကွန်ဂရက်လွှတ်တော်အစည်းအဝေးခန်းမမှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။ အခုလို သမ္မတကတော် အမေရိကန်ကို လာရောက်တာဟာ ယူကရိန်းအပေါ် အမေရိကန်ရဲ့ ကတိကဝတ်တွေကို အလေးပေးဖော်ပြဖို့ အခွင့်အရေးတစ်ခုဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ နက်ဒ်ပရိုက်ဇ်ကေ ပြာပါတယ်။