သမ္မတကတော်ဇလန်စကာဟာ ယူကရိန်းမိခင်တွေနဲ့ အမျိုးသမီးအားလုံးကိုယ်စား ပြောကြားမှာဖြစ်တယ်လို့ ယူကရိန်းသမ္မတဗလော်ဒိုမာဇလန်းစကီးက ပြောပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ် ရုရှားကျူးကျော်စစ်ပွဲက ရက်စက်ခဲ့တဲ့ ရာဇဝတ်မှုတွေအပြင်၊ မြေပြင်မှာဖြစ်နေတဲ့ လုံခြုံရေး၊ စီးပွါးရေးနဲ့ လူသားချင်း စာနာထောက်ထားရေး အခြေအနေတွေကို ယူကရိန်းသမ္မတကတော်ဆီကကြားဖို့ မျှော်လင့်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပလိုစီက အမတ်တွေကို ဖိတ်ကြားစာမှာ ပြောထားပါတယ်။
ယူကရိန်းသမ္မတကတော်ကို အိမ်ဖြူတော်ကြိုဆို
Your browser doesn’t support HTML5
ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့က အိမ်ဖြူတော်ကို ရောက်လာတဲ့ ယူကရိန်းသမ္မတကတော် အိုလေနာဇလန်စကာကို သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင် ပန်းစည်းပေးအပ်ကြိုဆိုခဲ့တာပါ။
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ ယူကရိန်း သမ္မတကတော်ဟာ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။