အသက် ၃၁နှစ်အရွယ် WNBA နာမည်ကျော်ကစားသမားဟာ အမေရိကန်မှာ ပြိုင်ပွဲရာသီနားချိန် ရုရှားမှာသွားရောက်ကစားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ရက်နေ့က မော်စကိုလေဆိပ်မှာ ခရီးဆောင်အိတ်ထဲ Vape စီးကရက်ထဲထည့်သောက်တဲ့ ဆေးခြောက်အဆီတွေ့ရှိခဲ့တဲ့အတွက် အခုလိုဖမ်းဆီးခံခဲ့ရတာပါ။
သူမအပြင် ရုရှားမှာ သူလျှိုလို့ စွပ်စွဲခံထားရတဲ့ ပေါလ်ဝှီလန်တို့ လွတ်မြောက်ရေးအတွက် ရုရှားကို ခိုင်မာတဲ့ကမ်းလှမ်းမှု တခုလုပ်ခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။ သူတို့လွတ်မြောက်ရေးနဲ့ပါတ်သက်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့နဲ့ အခုသီတင်းပါတ်ထဲ ဖုန်းဆက်သွယ်စကားပြောဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။