ရေစီးနဲ့မျောပါခါနီး ကားထဲကအမျိုးသမီး ရဲကယ်ထုတ်
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း အရီဇိုးနားပြည်နယ် ဖီးနစ်မြို့အပြင်နားလေးမှာ ရုတ်တရက်ရေကြီးပြီးနောက် ရေစီးနဲ့ မျောပါခါနီးကားထဲကနေ အမျိုးသမီးတဦးကို ကယ်တင်နိုင်လိုက်ပါတယ်။ ဆူးတက်ဒါဆိုတဲ့ အမျိုးသမီးက ခြောက်ခြောက်သွေ့သွေ့ ကျောက်ခင်းလမ်းမှာ ကားမောင်းနေတုန်း ရုတ်တရက် ရေလုံးကြီး လှိမ့်ဆင်းလာတာ ဖြစ်ပါတယ်။