ယူကရိန်းအတွက် အမေရိကန်ထောက်ပံ့ထားတဲ့ ဟိုက်မက်ဒုံးစနစ်

Your browser doesn’t support HTML5

ယူကရိန်းပိုင် နယ်မြေတခုထဲကနေ HIMARS (ဟိုင်းမက်) ဒုံးကျည်ပစ်စနစ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုဖိုင်တခုကို ယူကရိန်းသမ္မတရုံးက သြဂုတ် ၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနေ့အစောပိုင်းကတော့ ယူကရိန်းကို အမေရိကန်ထောက်ပံ့ထားတဲ့ ဒီဒုံးကျည်ပစ်စနစ် ၆ခုကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးပြောခွင့်ရပြောခဲ့တာပါ။