လန်ဒန်မှာ ရေငုပ်စစ်တုရင်ပြိုင်ပွဲကျင်းပ

Your browser doesn’t support HTML5

ယူကေမှာ အပူလှိုင်းဖြတ်နေတဲ့အတွက် ဒါကိုဖြတ်သန်းဖို့ အကောင်းဆုံးနည်းလမ်းတခုက ရေစိမ်တာပါ။ ဒါပေမယ့် ကိုယ်က အားလပ်ချိန်မှာ စစ်တုရင်ကစားရတာကိုလည်း ကြိုက်တယ်ဆိုရင် အဲဒီနှစ်ခုကို တခါတည်း ပေါင်းလုပ်နိုင်ပါသလား။ လန်ဒန်မှာတော့ ဒီနှစ် ကမ္ဘာ့ရေငုပ်စစ်တုရင်အားကစားပြိုင်ပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။