တူရကီမှာ ယာဉ်မတော်တဆမှု ကူညီသူတွေ ကားတိုက်ခံရပြီး ၃ဝ ကျော်သေ

Your browser doesn’t support HTML5

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ ကားမတော်တဆမှုကို ကူညီကယ်ဆယ်ရေး လုပ်နေကြတဲ့ လမ်းပေါ်က လူအုပ်ထဲကို နောက်ထပ် ကားနဲ့ ဝင်တိုက်မိတဲ့အတွက်ကြောင့် အနည်းဆုံး လူ ၃၂ သေဆုံးကုန်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုတိယမြောက် ဘတ်စ်ကားဟာ လမ်းချော်ပြီး အရေးပေါ် အကူအညီပေးနေသူတွေကို တိုက်မိတာကြောင့် ကူညီနေတဲ့သူတွေရော ဒဏ်ရာရတဲ့ သူတွေကိုပါ တိုက်မိကုန်တယ်လို့လည်း ဒေသခံအုပ်ချုပ်ရေးမှူး Davut Gul က ပြောပါတယ်။