Noleen Heyzer ရိုဟင်ဂျာ ဒုက္ခသည် စခန်း ရောက်ရှိ

Your browser doesn’t support HTML5

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Noeleen Heyzer ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းကို အင်္ဂါနေ့က သွားရောက်ပြီး စခန်းတာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေနဲ့ စကားပြောဆိုခဲ့သလို စားနပ်ရိက္ခာ ကုန်လှောင်ရုံတွေနဲ့ ကျန်းမာရေးဌာနတွေကိုပါ ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။