Paradon လို့ နာမည်ပေးထားတဲ့ အဲဒီ လင်းပိုင်းလေးက ဧရာဝတီ လင်းပိုင်းဖြစ်ပြီး တရားမဝင် ငါးဖမ်းမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် မျိုးတုန်း ပျောက်ကွယ်သွားနိုင်တဲ့ မျိုးစိတ် အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ အခုတော့ ဧရာဝတီ လင်းပိုင်းလေး Paradon ရဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာတာကြောင့် ပင်လယ်ပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ကြိုဆိုကြပါတယ်။
ဒဏ်ရာရ ဧရာဝတီလင်းပိုင်ငယ် ထိုင်းနိုင်ငံမှာ ကယ်တင်စောင့်ရှောက်
Your browser doesn’t support HTML5
ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ ဒဏ်ရာရပြီး ရေနစ်သေတော့မယ့် လင်းပိုင်ငယ်လေး တကောင်ဟာ အခုတော့ စေတနာ့ ဝန်ထမ်း ကူညီပေးသူ အဖွဲ့တခုရဲ့ ကြိုးပမ်းမှုကြောင့် အတော်လေး သက်သာလာပါပြီ။