အင်ဒိုနီးရှားဘောလုံးပွဲ သေဆုံးသူတွေအတွက် ဆုတောင်းပွဲကျင်းပ
အင်ဒိုနီးရှားပြည်တွင်း အမှတ်ပေးဇယားဘောလုံးပွဲမှာ အရီးမားအသင်း ရှုံးပြီးတဲ့နောက် မကျေနပ်တဲ့ ပရိသတ်တွေ ဘောလုံးကွင်းထဲကို ပြေးဆင်းလာခဲ့ပါတယ်။
လူအုပ်ခွဲဖို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး သုံးခဲ့ပါတယ်။ (အောက်တိုဘာ ၁၊ ၂၀၂၂)
ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးထိမှန်ပြီး ဒဏ်ရာရသွားသူတယောက်ကို တခြားဘောလုံးပရိသတ်တွေက ဝိုင်းဝန်း ကူညီ ကယ်ထုတ်ပေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားပြည်တွင်း အမှတ်ပေးဇယားဘောလုံးပွဲမှာ အရီးမားအသင်း ရှုံးပြီးတဲ့နောက် မကျေနပ်တဲ့ ပရိသတ်တွေ ဘောလုံးကွင်းထဲကို ပြေးဆင်းလာခဲ့ပါတယ်။
ဖျက်ဆီးခံထားရတဲ့ ကားတစီး ဘောလုံးကွင်းထဲရောက်နေတာကို ရုန်းရင်းဆန်ခတ်မှုတွေအပြီးမှာ တွေ့ရပါတယ်။
ဖျက်ဆီးခံထားရတဲ့ ရဲကားတစီးကို ကွင်းအပေါက်ဝမှာ ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုတွေအပြီး တွေ့ရပါတယ်။
ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုအတွင်း သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ကျန်းမာရေးဝန်ထမ်းတယောက်က စစ်ဆေးနေပုံ
ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုအတွင်း ကျဆုံးသွားတဲ့ ရဲတယောက်ရဲ့ ဈာပန
ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် ဖယောင်းတိုင်မီးထွန်းအမှတ်တရဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
ဘောလုံးပွဲရုန်းရင်းဆန်ခတ်မှုအတွင်း သေဆုံးသွားသူတွေအတွက် အမှတ်တရအဖြစ် ကန်ဂျူရူဟန်ဘောလုံးကွင်းဝမှာ ပန်းတွေကြဲထားပါတယ်။