ရေဘေးသင့်ဒုက္ခသည်တွေဆီ မာလာလာသွားရောက်ကြည့်ရှု

Your browser doesn’t support HTML5

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မာလာလာဟာ ပါကစ္စတန်နိုင်ငံ ဒါဒူဆင့်ဒ်ပြည်နယ်က ရေဘေးသင့်ဒုက္ခသည်တွေကို အောက်တိုဘာ ၁၂ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်း ရွာသွန်းတဲ့ မုတ်သုန်မိုးကြောင့် သူမရဲ့ အမိမြေ ပါကစ္စတန်မှာ အကြီးအကျယ်ရေကြီးခဲ့တဲ့အတွက် လူ ၃၃သန်း ထိခိုက်ခဲ့ပြီး ၁၇၀၀ ကျော် သေဆုံးခဲ့တာပါ။

ဒီအတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေရရှိဖို့ လုပ်ဆောင်သွားမယ်လို့လည်း သူမရဲ့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။