ပထမဆုံး အီတလီအမျိုးသမီးဝန်ကြီးချုပ် စတင်တာဝန်ယူ

Your browser doesn’t support HTML5

အီတလီနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်းမာရီယိုဒရာဂီနဲ့ သူ့နေရာကိုဆက်ခံမယ့် ဝန်ကြီးချုပ်သစ် ဂျီယိုဂျီယာမယ်လိုနီတို့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရောမမြို့မှာကျင်းပခဲ့တဲ့ ရာထူးလွှဲပြောင်းပေးအပ်ရေးအခမ်းအနားမှာ တွေ့ရတာဖြစ်ပါတယ်။

အစဉ်အလာအရ ဝန်ကြီးချုပ်ဟောင်းက ဝန်ကြီးချုပ်အသစ်ကို ခေါင်းလောင်းလေးတလုံး ပေးလိုက်ပြီး ဝန်ကြီးချုပ်အသစ်ကလည်း ဓါတ်ပုံဆရာတွေရှေ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါင်းလောင်းကိုတီးလိုက်ပါတယ်။ အခမ်းအနားအပြီးမှာတော့ ပထမဆုံး ကက်ဘိနက်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။