အိန္ဒိယမှာ တံတားကျိုးကျရာက အနည်းဆုံးလူ ၈၀ ကျော်သေဆုံး
Your browser doesn’t support HTML5
အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်အတွင်း တနင်္ဂနွေနေ့တုန်းက ကြိုးတံတား ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၈၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ လူ ၈၁ ယောက် သေဆုံးတာကို အတည်ပြုနိုင်ပြီး မြစ်ထဲကျခဲ့တဲ့ အတော်များများကိုလည်း ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။